တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် သမဝါယမ ဦးစီးဌာနပိုင် နှစ်ခန်းတွဲ RC တစ်ထပ် ဝန်ထမ်းအိမ်ရာကို အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ ပြုပြင်တည်ဆောက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေး စံနှုန်းသတ်မှတ်ချက် များနှင့်ကိုက်ညီမှုရှိစေရေး မှာကြားသည်။
ထို့ပြင် စကောလမ်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တီးတိန်မြို့ရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသည် တည်ငြိမ် အေးချမ်းရေးကို ဘုံရည်မှန်းချက်အဖြစ်ထားရှိ၍ အတူတကွပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြား၍ တီးတိန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း များအား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ရှောင်စောန်းစံပြကျေးရွာသို့ သွားရောက်၍ တာဝန်ရှိသူများအား ကျေးရွာအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။