တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်လေးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (ထားဝယ်)မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကညုံရပ်ကွက်၊ ဃောသိတာရာမပါဠိတက္ကသိုလ် ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော် ငါးအိတ်၊ ဆီ ၁၅ ပိဿာ၊ ကုလားပဲ ၅ ပိဿာ စသည့် လှူဒါန်း ဖွယ်ရာပစ္စည်းများကို ဘဒ္ဒန္တ ပညာသာမိ အဂ္ဂမဟာပဏ္ဍိတ ပဓာန နာယကဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph