တန့်ယန်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

တန့်ယန်း၊ နိုဝင်ဘာလ ၅ ရက်
    ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင်   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ပညာပေးဟောပြောပွဲ
    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးအကြောင်းတို့ကိုလည်းကောင်း၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှတပ်ကြပ်ကြီးအေးဇော်လတ်က ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာအကြောင်းကိုလည်းကောင်း ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။
    လူငယ်လူရွယ်များ အသိပညာဗဟုတုတတိုးပွားရရှိစေရန်နှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ လမ်းမှာသို့မရောက်ရှိစေရန် ရည်ရွယ်၍ကျင်းပခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးသီဟဖြိုးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လေ့လာမှတ်သားကြကြောင်း သတင်းရရှိပါသည်။

Post Paragraph