September 2022

ဆွမ်းဆန်တော် ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

မောင်တောခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးနှင့် ဝန်ထမ်းများသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မောင်တောမြို့ ဇောတိကာရုံပရဟိတ မြို့မအရှေ့ကျောင်းတိုက် ဆရာတော်ထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာလ ၂၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ထမုန်ကန်စံပြကျေးရွာ ထမုန်ကန်ကျောင်းတိုက်ရှိ သံဃာတော်များ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ‌ရေသန့်နှင့် အခြားစားသောက်ဖွယ်ရာများ လှူဒါန်းသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လဟယ်မြို့နယ် ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ B.Ed အမှတ်စဉ် (၁၀) အတွက် သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆို

ကျောက်ဖြူ၊  စက်တင်ဘာ ၂၅ ရက်
    ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်းအမှတ်စဉ် (၁၀)အတွက် သင်တန်းဝင်ခွင့်စာမေးပွဲကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ဖြေဆိုသည်။

standard

မောင်တောမြို့၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် B.Ed ဝင်ခွင့်စာမေးပွဲဖြေဆို

မောင်တော၊  စက်တင်ဘာ ၂၅ ရက်
    ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်း B.Ed ငါးနှစ်သင်တန်း၊ အမှတ်စဉ် (၁၀) ဝင်ခွင့်စာပေးပွဲဖြေဆိုခြင်းကို စက်တင်ဘာလ ၂၄ ရက် နံနက် ၉ နာရီမှစတင်၍ ကျင်းပခဲ့ရာ နံနက်ပိုင်းတွင် မြန်မာစာနှင့် မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာတို့ကို ဖြေဆိုခဲ့ကြသည်။ 
    ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်း B.Ed ငါးနှစ်သင်တန်း၊ အမှတ်စဉ် (၁၀) ဝင်ခွင့်စာပေးပွဲ ရေးဖြေ ဖြေဆိုသူ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး ၂၂ ဦး၊ ပေါင်း ၂၉ ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
 

standard