February 2023
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအရှေ့ဒဂုံမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ ဉာဏရိပ်မွန် ပရဟိတကျောင်းတိုက်တွင် ရဟန်း၊ သံဃာတော်များနှင့် စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများကို ဆက်ကပ်လှူဒါန်းကြသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
ထားဝယ်၊ ဖေဖော်ဝါရီလ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့ လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ် ဓမ္မသိပ္ပံကျောင်း တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (မုံရွာ) မှညွှန်ကြားရေးမှူး ဦးစိုးဦးနှင့် ဝန်ထမ်းများ သည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် “ပဇ္ဇောတာရုံ ကျောင်းတိုက်” ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက်လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ဘီးလင်းမြို့ မြင်သာစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
ဘီးလင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကြီးများရှိ သံဃာတော်များ ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး လှူဒါန်းလျက်ရှိရာ ဘီးလင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမို့မို့ဖြူနှင့် ဝန်ထမ်းများ သည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြို့ မြင်သာစာသင်တိုက်ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။