April 2024

မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်း-ချောင်းဝကျေးရွာချင်းဆက်ကျောက်ချောလမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၇ ဒသမ ၀၉၁ သန်းဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်း-ချောင်းဝကျေးရွာချင်းဆက်လမ်း ၁ မိုင်ကျောက်ခင်းခြင်းလုပ်ငန်းများမှာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မိုးညှင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

standard

လဟယ်မြို့နယ် မြေသားလမ်း လေးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၉ ဒသမ ၈၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေ-တာမောင်-မခွာလယ်လမ်း ၂၄ မိုင်မှ မြေသားလမ်း လေးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

standard

လှိုင်းဘွဲ့မြို့နယ်၌ သံကူကွန်ကရစ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

      ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်၊ မိကြောင်-ဖားအိ-သမို-ရောထ-သရီးခို-ဝါးမီးကလား-ရှမ်းရွာသစ်လမ်း ၂၈/၄ မိုင်ပေါ်တွင် သံကူကွန်ကရစ်တံတားပေ ၈၀ တစ်စင်းနှင့် ပေ

standard

ခန္တီးမြို့နယ်၊ မယ်ပုတ်-ကျားကိုက်-မလန်ပိုင် ကျေးရွာချင်းဆက်လမ်း ‌မြေလမ်း ၁၀ မိုင် အနက် ၃ မိုင်ဖောက်လုပ်ပြီးစီး

     နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၄ ဒသမ ၉၀၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ မယ်ပုတ်-ကျားကိုက်-မလန်ပိုင် ကျေးရွာချင်းဆက်လမ်း မြေလမ်း ၁၀ မိုင်အနက် မြေသားလမ်း ၃ မိုင်နှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်းတည်ဆောက်ခြင်းလုပ်ငန်းများသည် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ရာနှုန်းပြည့် ‌ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

standard

တာချီလိတ်မြို့နယ်အတွင်း သောက်သုံးရေရရှိ‌ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ လိုအပ်လျက်ရှိသော ဒေသများတွင် စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများနှင့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်းများကို သဘာဝရေ အရင်းအမြစ်များအား အကျိုးရှိစွာအသုံးချ၍ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ဆာကျေးရွာ ၄/၂ မိုင် သောက်သုံးရေ သွယ်တန်းခြင်း၊ ပါလိုင်၊ မခေ၊ ဖွေဟိုင်း နှင့် မအန်ခန်က

standard