January 2025

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၉
   နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

standard

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲအား ရိုးရာအစဉ်အလာနှင့် အညီ စုပေါင်းဆင်နွှဲ၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနှင့် ယဉ်ကျေးမှုပြတိုက်(မြစ်ကြီးနား) အဆောက်အအုံသစ် ဖွင့်လှစ်ပေး

မြစ်ကြီးနား ဇန်နဝါရီ   ၉
         ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် အဆိုပါစခန်းနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

standard

ကျွန်းစုမြို့နယ် မော်တုံးကြီး-တောင်သုံးလုံးကျေးရွာချင်းဆက်လမ်း ပြင်/ထိန်းလုပ်ငန်း ဆောင်ရွက်

   တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ မော်တုံးကြီး-တောင်သုံးလုံးကျေးရွာချင်းဆက်လမ်း (၁၁/၀)မိုင် ပြင်/ထိန်းလုပ်ငန်း‌ ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်)မှ ဒေသကြီးကြပ်ရေးမှူး ဦးစိုးမင်းအုန်းနှင့် မြိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

standard