ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

ရည်မှန်းချက်(၄)ရပ်

  • တိုင်းရင်းသားလူမျိုးအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်။
  • တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကိုမြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်။
  • တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊အဆင့်မြင့် ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရန်။
  • တိုင်းရင်းသားလူငယ်များ၏ မိမိဒေသ ဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်။ 

လုပ်ငန်းစဉ်(၉)ရပ်

  • နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်မည်။
  • နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ပညာသင်ကြားပေးခြင်းများ ဆောင်ရွက်မည်။
  • အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသား လူငယ်များကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် အဆင့်မြင့်ပညာများ သင်ကြားပေးခြင်းနှင့် သင့်လျော်သည့် အခြားတက္ကသိုလ်များသို့ တက်ရောက်စေမည်။
  • နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွနေထိုင် ပညာရှာမှီးရင်း နားလည်ရင်းနှီးချစ်ကြည်စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်။
  •  နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်။
  • အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေမည်။
  • နယ်စပ်ဒေသရှိ တိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးမည်။
  • နယ်စပ်ဒေသရှိတိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများဖြစ်ထွန်းလာစေပြီး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်။
  • နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံ ဆောင်ရွက်မည်။