နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ရန်ပုံငွေကျပ် ၂၆၅ ဒသမ ၂၆၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ကျယ်ပန် ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါးကျေးရွာချင်းဆက်လမ်း ၇မိုင်အနက် ၁ မိုင် ၄ ဖာလုံကျောက် ခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း ဟိုပန်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါလမ်းဖောက်လုပ်ပြီးစီးမှုူကြောင့် ဟိုပန်မြို့နယ်အတွင်းရှိ ပန်လုံမြို့နှင့် ကျေးရွာ ရှစ်ရွာ၊ လူဦးရေ ၉၃၂၃ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၉၈၇ ဒသမ ၄၈၃ သန်းဖြင့် မြေလမ်း ၂၈ မိုင်၊ အမာခံလမ်း ၅ မိုင်၊ ကျောက်လမ်း ၁၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်လမ်း ၆ ဒသမ ၇ ဖာလုံ၊ ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ၃၉ စင်း၊ ရေကျော်တစ်စင်း၊ ပညာရေး လုပ်ငန်းလေးခု၊ သာသနာရေးလုပ်ငန်းငါးခု၊ သောက်သုံးရေရရှိရေး လုပ်ငန်းတစ်ခုနှင့် ဦးစီးဌာန လုပ်ငန်းငါးခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်၊ ကျယ်ပန်ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါး ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Post Paragraph
Paragraph Images