နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၄၃ ဒဿမ ၂၈၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ကွန်ကရစ်လမ်း ၁/၄ မိုင်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ထို့ကော်ကိုး-ကျော်ခို ၂/၀ မိုင်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် မြေသားလမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သတင်းရရှိပါသည်။