ကလေးမြို့၌ အမျိုးသမီးများအတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်းဖွင့်

ကလေး   မေ  ၇  
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်း အမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို မေ ၄ ရက် က အဆိုပါ‌ကျောင်းသင်တန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ကလေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး၊ (ယာယီ)ဒုတိယရဲမှူးကြီး စောမြင့်က သင်တန်းတွင် သင်တန်းသူများကို ကျောင်းအိပ်၊ ကျောင်းစားစရိတ်ငြိမ်းဖြင့် သင်ထောက်ကူပစ္စည်း ၃၈ မျိုး ‌ထောက်ပံ့ပေးကာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းခန်းမတွင် နာမူနာလက်ရာအထည်များ၊ လက်မှုလက်ရာများ၊ သင်ထောက်ကူပစ္စည်း ခင်းကျင်းပြသထားရှိမှုများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုကြသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာသင်တန်းကို မေ ၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ သင်တန်းသူ ၃၀ ကို ၂၂ ပတ်ကြာစာတွေ့လက်တွေ့သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်သည်။

Post Paragraph