မြဝတီမြို့နယ် တာနောထကျေးရွာအဝင် ၁၄၅ ပေ သံကူကွန်ကရစ်တံတား ၁၀၀ ရာခိုင်နှုန်းပြီးစီး

မြဝတီ ဇွန် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုး ရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကရင် ပြည်နယ် မြဝတီမြို့နယ် စုကလိမြို့ တာအုပ်ကျေးရွာအုပ်စု တာနောထ ကျေးရွာအဝင် ၁၄၅ ပေ သံကူ ကွန်ကရစ်တံတား တည်ဆောက် လျက်ရှိရာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်သည့် အတွက် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေ လွယ်ကူလျက် ရှိသည်။

တံတားတည်ဆောက်ပြီးစီးသည့် အခြေအနေကို ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောထူး၊ မြဝတီ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇော၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် အင်ဂျင်နီယာ(မြို့ပြ) ဦးကောင်းမြတ် ထွဋ်နှင့် တာဝန်ရှိသူများသည် ဇွန် ၂၅ ရက်က သွားရောက်စစ်ဆေးသည်။

တာနောထ ကျေးရွာအဝင် ကွန်ကရစ်တံတားမှာ မြဝတီမြို့မှ ကရင်ပြည်နယ်တွင် အမြင့်ဆုံး တောင်ဖြစ်သည့် မုလအိတောင်ပေါ် တွင် တည်ထားသည့် သမိုင်းဝင်မုလအိ ဆံတော်ရှင်ဘုရားကို ဆက်သွယ်ထား သော လမ်းပေါ်၌ရှိပြီး ယခင်နှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နယ်စပ် ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ဖြင့်ပင် မြဝတီ-စုကလိလမ်းမှ တာနောထကျေးရွာသို့ ဆက်သွယ် သောလမ်းကို ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် တစ်မိုင် ဆောင်ရွက်ပေးခဲ့ပြီးလည်း ဖြစ်သည်။ ထိန်လင်းအောင်(ပြန်/ဆက်)