နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်

လဟယ် ဇူလိုင် ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေကျပ် သန်း ၁၆၇ ဒသမ ၄၀ ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဝင်း အတွင်း၌ ဆောင်ရွက်လျက်ရှိသည့် အလျား ပေ ၉၀ ၊ အနံ ပေ ၃၀ Steel Structure နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် စစ်ကိုင်းတိုင်းဒေသ ကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြား ရေးမှူး ဦးအောင်တင်ကျော်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ မှ အတွင်းရေးမှူး ဦးသန်းရွှေနှင့် နာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း တို့က ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါ အခြေခံပညာအထက်တန်း‌ ကျောင်း၌ လဟယ်မြို့နယ်မှ ကျောင်းသူ ကျောင်းသား ၁၇၀၃ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ငွေကြယ်