နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်တော်မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းပြီးစီး

စစ်တွေ၊ မတ် ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်‌ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့်  ‌ဆောင်ရွက်သည့် ကျောက်တော်မြို့နယ် သရက်တပင်-ဂုပ္ပီထောင့်လမ်း ၁၃ မိုင် တွင် ၆ မိုင်ကို  ကျောက်လမ်းဆောင်ရွက်ခဲ့ပြီး ကျန် ၇ မိုင်အနက် တစ်မိုင်ကို ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
    ကျောက်တော်မြို့နယ်၊ သရက်တပင်-ဂုပ္ပီထောင့်လမ်း ၁၃ မိုင်တွင် ကျောက်ချောလမ်း တစ်မိုင် ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇၇ ဒဿမ ၆၈၈ သန်းဖြင့် အကျယ် ၁၂ ပေ၊ ထု၁၂လက်မဆောင်ရွက်ခြင်းဖြစ်ပြီး မြောက်ဦးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများက ယနေ့ ကွင်းဆင်းစစ်ဆေးသည်။
    ကျောက်တော်မြို့နယ်၊ သရက်တပင်-ဂုပ္ပီထောင့်လမ်းသည် ၁၃ မိုင်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နှစ်မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သုံးမိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်မိုင်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တစ်မိုင်အပါအဝင် စုစုပေါင်း ၇ မိုင်ကို အကျယ် ၁၂ ပေ၊ ထု ၁၂ လက်မ ကျောက်ချောလမ်းခင်းပြီး ဖြစ်ပါသည်။
 

Post Paragraph