အောက်တိုဘာလ ၉ ရက်
ပူတာအိုမြို့၌ ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၈ ရက်နေ့ နံနက်တွင် ပူတာအိုမြို့ ထေရဝါဒဗုဒ္ဓဗဟိုသာသနာပြုကျောင်းသို့ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တ ဝိစာရအား ဖူးမျှော်၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား မေးမြန်းလျှောက်ထားခဲ့ပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးအစည်းအဝေးခန်းမတွင် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုခရိုင်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ပြီးစီးခဲ့သည် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေ များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပူတာအို) သို့ရောက်ရှိ၍ စားရိပ်သာများတွင် ကျောင်းသား/ ကျောင်း သူများ နေ့လယ်စာ စားသောက်နေမှုအခြေအနေ၊ အိပ်ဆောင်များတွင် Covid-၁၉ စည်းကမ်းချက် များနှင့် အညီ နေထိုင်မှုအခြေအနေ၊ သင်တန်းခန်းမ၊ စားနပ်ရိက္ခာသိုလှောင်ထားရှိမှု၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သက်တမ်းကျော်လွန်သည့် အန္တရာယ်ရှိသော အဆောက်အဦ ဟောင်းများ ဖျက်သိမ်းရေး၊ နောင်ပညာသင်နှစ်များတွင် ကျောင်းသား ကျောင်းသူ များ ပိုမိုလက်ခံနိုင်ရေး လျာထား ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပူတာအို) သို့ရောက်ရှိ၍ သင်တန်းသူအိပ်ဆောင်၊ သင်တန်းခန်းမ၊ စားရိပ်သာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်းသင်တန်းသူများအား အသက်မွေး ဝမ်းကျောင်း ပြုလုပ်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး၊ သင်တန်းသူ များကို အိမ်တွင်းမှုဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေး၊ သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရေး တို့ကို ရှင်းလင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပူတာအို ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်နှင့် သင်တန်းနည်းပြများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။