နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ၆ လပတ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့်  ကျောက်လမ်း(၇/၇)မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း (၂/၄)မိုင် ၊ ကွန်ကရစ်လမ်း (၁၂၀၀) ပေ၊ ကျောက်စီရေမြောင်း (၁၇၀၀) ပေ၊ အဝီစိတွင်းနက် (၁) တွင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေလှောင်ကန် (၁)ကန်၊ ၅ပေBox Culvert(၃၂)စင်းနှင့် ၁၀ ပေ Box Culvert (၁)စင်း စုစုပေါင်းခွင့်ပြုငွေကျပ် (၁၅၃၅.၄၂၁) သန်းဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
    ယခုအခါတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပင်းတယမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဌေးအောင်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ၆ လပတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများအားလုံး ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံပြည်သူ လူထုများ၏ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph