နယ်စပ်ရေးရာဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်းရေရှားပါးသော ရပ်ကွက်/ကျေးရွာများ၌ စက်ရေတွင်းများတူးဖော်ပေး

မော်လမြိုင် မတ် ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာများ မီးလင်းရေး၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အတွင်း မြို့နယ်များ၌ ရေရှားပါးသော ရပ်ကွက်/ကျေးရွာ များတွင် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။
    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် လေးလက်မ စက်ရေတွင်း ရှစ်တွင်း တူးဖော်ပေးခဲ့ရာ ရေထွက်ရှိအောင်မြင်ပြီး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ စက်ရေတွင်း တစ်တွင်းစီအတွက် ကွန်ပရက်ဆာနှင့် ရေစက်ရုံ၊ ဂါလန် ၂၀၀၀ ဆံ့အုတ်ရေကန်တစ်ကန်တို့ကို တည်ဆောက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများရာသီမရွေး သောက်သုံးရေ ရရှိသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
 

Post Paragraph