
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေး ဘွဲ့(B.Ed)၅နှစ်သင်တန်းအမှတ်စဉ်(၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့၏ (ပထမနှစ် ဝိဇ္ဇာ၊သိပ္ပံ) သင်တန်း အခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ထားဝယ်မြို့တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာသင်ကြားရေးတွင် စာသင် ကျောင်းသည် စာပေသင်ကြားပေးသောနေရာသက်သက်သာ မဟုတ်ဘဲ ပညာရေး၏ အနှစ်သာရ ဖြစ်သော အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများ ပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ် နိုင်စွမ်း၊ အမှားအမှန် ခွဲခြား သုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးသောနေရာ ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသည့် ဘာသာရပ် များနှင့် ပညာရပ်များကို အလေးအနက်ထားသင်ယူဆည်းပူးပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ထာဝစဉ်စောင့်သိ ရိုသေပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထွန်းကား ပြန့်ပွားရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရင်း လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့က သင်တန်းသွားရောက်ကြမည့် သင်တန်းသားများအား စုစုပေါင်း ငွေကျပ် ၂၆ သိန်းငါးသောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

