ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းတွင် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားဆိုင်ရာသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောပွဲကျင်းပ

   ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားဆိုင်ရာသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောပွဲကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ၂၁-၃-၂၀၂၂ ရက်နေ့ ၁၀း၃၀ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
    အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးဘေးကြိုတင်ကာကွယ်တားဆီးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဦးအေးကိုကိုက အားကစားဆိုင်ရာ သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောပို့ချခဲ့ပြီးနောက် စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် တက္ကသိုလ်တွင်ဖွဲ့စည်းထားရှိသည့် သီးသန့်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြသခဲ့သည်။
    အဆိုပါ အသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၈၉ ဦး တက်ရောက်ခဲ့ကြပြီး ကဏ္ဍအလိုက် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph