ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) အခြေခံစစ်ပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၆)မှ ကျောင်းသား ၇၄ ဦး၊ ကျောင်းသူ ၁၃၇ ဦး၊ ပေါင်း ၂၁၁ ဦးတို့အား အခြေခံစစ်ပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို  ၅-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်က သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
    အဆိုပါသင်တန်းအား အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ကြီးကြပ်မှုဖြင့် ၅-၉-၂၀၂၂ ရက်နေ့မှ ၃၀-၉-၂၀၂၂ ရက်နေ့အထိ ရက်သတ္တ ၄ ပတ်ကြာ (လက်နက်ငယ်ပစ်ခတ်စဉ်မပါ) သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူး (စီမံ)၊ ဌာနကြီးမှူး (သင်တန်းရေးရာ)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ စစ်သင်တန်း သင်ကြားပို့ချမည့် နည်းပြများနှင့် သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၅၃ ဦး တက်ရောက်ခဲ့ကြပါသည်။

Post Paragraph