ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ရန်ကုန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်၊ ဇွန် ၂၀ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျောင်းဝင်းအတွင်းရှိ အင်ကြင်း ဆောင်ရှေ့မျက်နှာစာ၌ ကျင်းပသည်။
    ဦးစွာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်ကြသည်။
    ထို့နောက် ကျောင်းအုပ်ကြီး၊  ဒုတိယကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးများ ၊ ပါမောက္ခ/ဌာနမှူးများ ၊ ဆရာ/ဆရာမများ ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို  တပျော်တပါး စုပေါင်း စိုက်ပျိုးကြသည်။
    ယခုသစ်ပင်စိုက်ပျိုးပွဲ တွင် ခရေပင် ၁၀ ပင် ၊ မန်ဂျန်ရှားပင် ၅၀ ပင် ၊ ပျဉ်းမပင် ၅၀ ပင် ၊ စင်ကာပူချယ်ရီပင် ၅၀ ပင် ၊ အင်ကြင်းပင် ၂၀ ပင် ၊ ခရာဝါပင် ၁၂၀ ပင် နှင့် မယ်ဇယ်ပင် ၅၀ပင် ၊ စုစုပေါင်း ၃၅၀ ပင်တို့ကို စိုက်ပျိုးကြ‌ကြောင်း သတင်းရရှိသည်။
 

video-upload