နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ရက်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ၂၆ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိ၍ ဧရာဝတီတိုင်းဦးစီးဌာနမှူး၏ သင်တန်းကျောင်းများ ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ဝန်ထမ်းများနှင့် နည်းပြများအား တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူများ၏ချုပ်လုပ် ထားရှိသည့် လက်ရာများ၊ ကျောင်းဝန်း အတွင်းရှိအိပ်ဆောင်၊ စားရိပ်သာ၊ လျှပ်စစ်နှင့် Gas မီးဖို များဖြင့်ချက်ပြုတ်နိုင်မှု အခြေအနေများ၊ သင်တန်းခန်းမများ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆လ ဘတ်ဂျက်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ပုသိမ်မြို့မှ လပွတ္တာမြို့သို့သွားရောက်၍ လပွတ္တာမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ သို့ ရောက်ရှိပြီး မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ လက်သမား၊ ပန်းရံ၊ သံချည်သံကွေးသင်တန်းနှင့်လက်ကိုင်ဖုန်းပြင်သင်တန်းများ ဖွင့်လှစ်သင်ကြားမှု အခြေအနေ များနှင့် ရေ/မီး ရရှိမှုအခြေအနေများကိုလည်းကောင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းသူ များ၏ ချုပ်လုပ်ထားရှိသည့်လက်ရာများ၊ သင်တန်းခန်းမ၊ မော်တာစက်ချုပ်သင်တန်းဆောင်၊ စားရိပ်သာ၊ သင်တန်းသူအိပ်ဆောင်များနှင့် ရေ/မီးရရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုလက်မှုသင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြများနှင့် သင်တန်းသားများ တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ၍ သင်တန်းကျောင်း ကျောင်းအုပ်၏ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်နှင့်နည်းပြများ၊ ကျောင်းသားကျောင်းသူ များအား အမှာစကားပြောကြားကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်၊ စတို ဆောင်၊ စားရိပ်သာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မအူပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ရောက်ရှိ၍ သင်တန်း ကျောင်း၊ ကျောင်းအုပ်၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး အမှာစကားပြောကြားကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ပြန်လည်ထူထောင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘိုကလေးမြို့ နှင့် မအူပင်မြို့တို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၁ကျောင်းစီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း ၁ ကျောင်းစီနှင့် လပွတ္တာမြို့တွင် စက်မှုလက်မှုပညာသင်တန်းကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၅ ကျောင်းတည်ထောင်ဖွင့်လှစ်ကာ ဒေသခံလူငယ်လူရွယ်အမျိုးသမီးငယ် များအား အခြေခံပညာနှင့် အသက်မွေးဝမ်းကြောင်းပညာများကို သင်ကြားလေ့ကျင့်ပေးခဲ့ရာ ယခု အချိန်အထိ အခြေခံပညာကျောင်းသားကျောင်းသူ ၄၆၆ ဦး၊ အသက်မွေးဝမ်းကျောင်းသင်တန်းသား သင်တန်းသူ ၂၂၉၂ ဦးတို့ကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။