ပုသိမ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်

ပုသိမ်၊ အောက်တိုဘာ    ၂၇ 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၁)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၁၁) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ်ငါးသိန်းကို ပေးအပ်သည်။
သင်တန်းဖွင့်ပွဲအပြီးတွင် အခမ်းအနားတက်ရောက်လာသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသုံး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှူအားပေးကြပြီး အဆိုပါသင်တန်းများ၌ သင်တန်းသား၊ သင်တန်းသူ ၃၅ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
 

Post Paragraph