အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-
၁။ |
ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်းတိုင်းရင်းသူ အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓါတ် ခိုင်မြဲသည့် တိုင်းရင်းသူလေးများ ဖြစ်လာစေရန်။ |
၂။ | နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်။ |
၃။ |
တိုင်းချစ်၊ပြည်ချစ်၊အမျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်။ |
၄။ | အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေးဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်။ |
၅။ | အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီးအကျင့်စာရိတ္တကောင်းမွန်သည့်အမျိုးသမီးလေးများ ဖြစ်လာစေရန်။ |