November 2017
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန “Intermediate English Language and Communication Skills” သင်တန်းဖွင့်လှစ်
နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်
အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်အရ ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အချင်း တိုးတက်ရန်အတွက် “Intermediate English Language and Communication Skills” သင်တန်းအား ၂၀-၁၁-၂၀၁၇ရက်နေ့ နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန်အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် Senator Jeff Merkley နှင့်အဖွဲ့ လာရောက်တွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် Senator Jeff Merkley နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၁) နာရီခွဲအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီးလာရောက်တွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Kristian Schmidt သည် ယနေ့ မွန်းလွဲ (၃) နာရီခွဲ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။