နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန “Intermediate English Language and Communication Skills” သင်တန်းဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်

          အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်အရ ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အချင်း တိုးတက်ရန်အတွက် “Intermediate English Language and Communication Skills” သင်တန်းအား ၂၀-၁၁-၂၀၁၇ရက်နေ့ နံနက် ၁၀ နာရီတွင်     နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

          အဆိုပါသင်တန်းကို စင်္ကာပူနိုင်ငံမှ သင်တန်းနည်းပြ Ms. Catherine Makil က သင်ကြားပို့ချမည်ဖြစ်ပြီး ဝန်ကြီးဌာန (၂၁)ခုမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၃၀)ဦး (သင်တန်းသား - ၁၃ဦး၊ သင်တန်းသူ - ၁၇ဦး) တက်ရောက်၍ ၂၀-၁၁-၂၀၁၇ ရက်နေ့မှ ၈-၁၂-၂၀၁၇ ရက်နေ့အထိ ရက်သတ္တ (၃) ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph