April 2022

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၁၃
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်၏ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အဆိုပါ ကျောင်းဝင်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက် ညနေပိုင်းတွင် ကျင်းပသည်၊ ဆက်လက်၍ ဝန်ထမ်းနှင့်မိသားစုဝင်များ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြသည်။

standard

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

    နယ်စပ်‌ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်ကောင်း (မိုင်းယန်း)မှ ဟိုခို(ဂျာယန်) ကျောက်လမ်း ၁၂/၀ မိုင်အား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကတ္တရာ လမ်း ၁၁/၀ မိုင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း တစ်မိုင်ကိုလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၀၄ ဒသမ ၉၅၃ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

standard

မိုင်းဆတ်မြို့နယ်ရှိ အဲန်းလူမျိုးများနေထိုင်ရာဒေသ၌ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏  ၂၀၂၁-၂၀၂၂ (၆လ) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြု ရန်ပုံငွေကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဝမ်ပြန့်-ဝမ်အင်(အင်)ကျေးရွာချင်းဆက်လမ်း ၁/၀ မိုင် ကျောက်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်းပျဉ်းမြို့နယ်အတွင်း Solar စနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ထောက်ပံ့ရန်ပုံငွေဖြင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်း မြို့နယ်၊ ဟောင်ကန် ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင် ကျေးရွာ အကြား ကွင်းအမှတ် ၇၊ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ကွက်ပေါ်တွင် 2.4kW ဆိုလာ စနစ် တည်ဆောက်၍  1500W ရေပန့်  တပ်ဆင်ကာ ချောင်းရေတင်  စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီလမှစတင်၍ ၆'×၆'×၁၃' ကျောက်စီရေစုကန်နှင့် ၁၂'×၁၂'×၆' မြေသား ရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများအား စတင်

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

    ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခွင့်ပြုရန်ပုံငွေကျပ် ၂၆၆ ဒသမ ၃၉၈ သန်းဖြင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ငပုအင်း- ရွာဟောင်း - ရွာသစ် ကျေးရွာချင်းဆက် မြေသားလမ်း ၃ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း၊ ကျုံကွယ် ကျေးရွာအုပ်စု၊ မိခွမ်း (ကျောက်အင်း)-ထိဝါးကလိ ကျေးရွာချင်းဆက်လမ်း ၁ မိုင် ကျောက်ခင်း ခြင်းလုပ်ငန်း၊  အံကစင်(မွန်စု)-လွှစင်ကုန်း-ကော့ခလိန်လမ်း ၄ မိုင် ၇ ဖာလုံ လမ်းပိုင်းတွင် ၃ ဒသမ ၅ ဖာလုံလမ်းတာချဲ့ခြင်း နှင့် Box

standard