November 2022
နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုပုံးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ဆီ၊ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နေပြည်တော် နိုဝင်ဘာ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သံဃာတော်များ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
သိန်းနီမြို့နယ်ရှိ နမ့်စလပ်-ဟိုနား-မန်ဆာလမ်းပေါ်တွင် ရေကျော်တံတား တည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
လားရှိုး၊ ဒေသဖွံ့ဖြိုးရေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ နမ့်စလပ်-ဟိုနား-မန်ဆာလမ်းပေါ်တွင် ရေကျော် တံတား တည်ဆောက်ပြီးစီးမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လားရှိုး) မှ တာဝန်ရှိသူများက နိုဝင်ဘာ ၁၇ ရက်တွင် ကွင်းဆင်း စစ်ဆေးကြောင်း အဆိုပါဌာနမှ သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် A.G.T.I ဒီပလိုမာ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်
နိုဝင်ဘာလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (အခြေခံ) လိုက်ပါလျက် နိုဝင်ဘာလ ၁၄ ရက်မှ ၁၆ ရက် အထိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝိဇ္ဇာ၊ သိပ္ပံ နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းတက်ရောက်ကြမည့် သင်တန်းသား ၁၈၈ ဦး၊ သင်တန်းသူ ၁၆၄ ဦး စုစုပေါင်း ၃၅၂ ဦးတို့အား အတည်ပြုစိစစ်ရွေးချယ်ခဲ့ပါသည်။