နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် လှူဒါန်းလျက်ရှိသည်။