February 2023

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရေးမြို့နယ်၌ အိမ်သုံးဆိုလာများ တပ်ဆင်ပေး

ရေး၊ ဖေဖော်ဝါရီ ၁၉
   နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ လမ်းတံတားလုပ်ငန်းများ၊ ပညာရေး၊  ကျန်းမာရေး၊ ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ဒေသ ကျေးရွာများ မီးလင်းရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၀ ဒသမ ၄၈၈ သန်းဖြင့်  မွန်ပြည်နယ် ရေးမြို့နယ် တရုတ်ထောက်ကျေးရွာ၊ သဲခုံကျေးရွာနှင့် တိုးတက်ကျေးရွာတို့တွင် ၅၀ ဝပ် အိမ်သုံးဆိုလာ ၃၉၀ စုံ   တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
 

standard

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး တို့အကြား Virtual Meeting ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၁၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့်အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး H.E. Shri G.Kishan Reddy တို့အကြား Virtual Meeting အား ယနေ့  မွန်းလွဲ ၃ နာရီခွဲအချိန် မှ ၄ နာရီခွဲအချိန်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

ကျေးသီးမြို့နယ်အတွင်း ကျေးရွာအုပ်စုချင်းဆက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

     နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉ ဒသမ ၆၁၅ သန်းဖြင့် ကျေးရွာအုပ်စုချင်းဆက်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

standard