နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး တို့အကြား Virtual Meeting ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၁၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့်အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး H.E. Shri G.Kishan Reddy တို့အကြား Virtual Meeting အား ယနေ့  မွန်းလွဲ ၃ နာရီခွဲအချိန် မှ ၄ နာရီခွဲအချိန်အထိ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    Virtual Meeting တွင် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း‌ရေး၊  ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါ Virtual Meeting သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ အိန္ဒိယ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး/ သံရုံးယာယီတာဝန်ခံနှင့် ပထမအတွင်းဝန်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်းနှင့် အိန္ဒိယဘက်မှ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး နှင့်အတူ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရှေ့မြောက်ဒေသဝန်ကြီးဌာနနှင့် ပြည်ပရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

video-upload