February 2023

ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

standard

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်မှုစစ်ဆေး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၁၀ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။     ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၃၂ ဒသမ ၄၅၀ သန်းဖြင့် ဆောင်ရွက်လျက်ရ

standard

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီလ ၁၀ ရက်
   ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောက်တော်မြို့၊ မဟာမုနိ ယာယီတိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိခဲ့ကြပြီး စခန်းရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

standard

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီလ ၉ ရက်
   ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ပိုင်းတွင် စစ်တွေမြို့ ဘောဒူဖ IDPs စခန်းသို့ သွားရောက်၍ စခန်းရှိ ဘင်္ဂါလီများ၏ နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

standard

မြေသားလမ်းဖောက်လုပ်နေမှုနှင့် Box Culvert ငါးစင်း တည်ဆောက်နေမှုစစ်ဆေး

   ပ‌လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နမ့်ဟိုင်း-ဟောင်းကန်-ဆိုက်ခေါင်လမ်း၌ မြေသားလမ်းဖောက်လုပ်မှုနှင့် Box Culvert ငါးစင်း တည်ဆောက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၈ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

standard