ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ ပြန်လည်လက်ခံရေးစခန်းများ၊ ယာယီကြားစခန်းနှင့် တိုက်ပွဲရှောင်စခန်းများအား ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီလ ၈ ရက်
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ပိုင်းတွင် စစ်တွေမြို့မှ တောင်ပြိုလက်ဝဲသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာချိန်တွင် စတင်စစ်ဆေးလက်ခံမည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။