ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာရေတင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ၄၂ ဒသမ ၆ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ပန်းတနော်မြို့နယ်များတွင် ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန်နှင့် တောင်သူများ နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    ထိုကဲ့သို့‌ဆောင်ရွက်ပေးခဲ့မှုကြောင့် နွေစပါးဧကများကို ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးနိုင် ခြင်း၊ စက်သုံးဆီဖြင့်ရေတင်စိုက်ပျိုးခြင်းမပြုလုပ်ရသောကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာခြင်းနှင့် စိုက်ပျိုးရေလိုအပ်သလို အထုတ်/ အသွင်း ထိန်းသိမ်းဆောင်ရွက် နိုင်ခဲ့သောကြောင့် စပါးအထွက်နှုန်းတိုးသည့်အပြင် စပါးရိတ်သိမ်းပြီးချိန် တောင်သူအများစုက ပဲတီစိမ်းနှင့် မတ်ပဲတို့ကို ထပ်မံစိုက်ပျိုးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Post Paragraph