ရည်ရွယ်ချက်

   ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် အောက်ပါရည်ရွယ်ချက်များ ချမှတ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

  • နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့် ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
  • နယ်စပ်ဒေသမှ အမျိုးသမီးငယ်များအား အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်။