ခန္တီးမြို့နယ်၊ မယ်ပုတ်-ကျားကိုက်-မလန်ပိုင် ကျေးရွာချင်းဆက်လမ်း ‌မြေလမ်း ၁၀ မိုင် အနက် ၃ မိုင်ဖောက်လုပ်ပြီးစီး

     နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၄ ဒသမ ၉၀၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ မယ်ပုတ်-ကျားကိုက်-မလန်ပိုင် ကျေးရွာချင်းဆက်လမ်း မြေလမ်း ၁၀ မိုင်အနက် မြေသားလမ်း ၃ မိုင်နှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်းတည်ဆောက်ခြင်းလုပ်ငန်းများသည် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ရာနှုန်းပြည့် ‌ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
    အဆိုပါလမ်းဖောက်လုပ်ပေးနိုင်မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ အဓိက ကျေးရွာသုံးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုများစွာ အထောက်အကူပြုသည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် များစွာဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခန္တီးခရိုင်အတွင်း ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၇၂၉ ဒသမ ၈၉၃ သန်း၊ တိုင်းဒေသကြီးနယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ငွေကျပ် ၇၃၀ ဒသမ ၉၃၈ သန်း စုစုပေါင်း ငွေကျပ် ၁၄၅၁ ဒသမ ၈၃၁ သန်းတို့ ဖြင့် မြေသားလမ်း ၁၄ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၈ မိုင်၊ ကွန်ကရစ်တံတား နှစ်စင်း၊ Box Culvert ၂၅ စင်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းနှစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
 

Post Paragraph