နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၂၈၃ ဒသမ ၀၁၃ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ နာတိုက်-မကန်နောင်ကျေးရွာချင်းဆက် မြေသားလမ်း ၄/၀ မိုင်နှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်း ဖောက်လုပ်တည်ဆောက် ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးမှုကြောင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ အဓိက ကျေးရွာနှစ်ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် ကုန်စည်စီးဆင်းမှု များစွာအထောက်အကူပြုသည့်အတွက် ကျေးလက်နေ ပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခန္တီးခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၇၂၀ ဒသမ ၈၉၃ သန်းဖြင့် မြေသားလမ်း ခုနစ်မိုင်၊ အမာခံလမ်း ငါးမိုင်၊ Box Culvert ၂၅ စင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ခန္တီးမြို့နယ် နာတိုက်-မကန်နောင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် မြေသားလမ်း ၄ မိုင်နှင့် Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Post Paragraph
Paragraph Images