ကျွန်းစုမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး

အောက်တိုဘာလ     ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၂၈ ဒဿမ ၈၇၃ သန်းဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီး ကျေးရွာအုပ်စု၊ မော်တုံးကြီး - တောင်သုံးလုံးကျေးရွာချင်းဆက်လမ်း ၁၁ မိုင်အနက် မြေသားလမ်း ၄ မိုင် ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်၌ ၃၀ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်း ၁၁ မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း ၄ မိုင် ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း ၄ မိုင် စုစုပေါင်း မြေသားလမ်း ၈ မိုင်အား ဖောက်လုပ်ပေးနိုင်ခဲ့ပြီး  ကျန်ရှိသည့် ၃ မိုင်အား ၂၀၂၁ - ၂၀၂၂ (၆လ) ဘဏ္ဍာရေးကာလအတွင်း အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။