၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကရင်ပြည်နယ် အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၈၅ ဒသမ ၈၉၆ သန်းဖြင့် မြေလမ်း ၂/၆မိုင်၊ အမာခံလမ်း ၆/၀မိုင်၊ ကျောက်လမ်း ၂/၀မိုင်၊ ကွန်ကရစ်လမ်း၁/၄မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁/၄ မိုင်၊ သံကူကွန်ကရစ် တံတား တစ်စင်း၊ Box Culvert ၁၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းနှစ်ခု၊ ရေစင်လုပ်ငန်း တစ်ခု၊ ကျောက်ကြီးစီ လုပ်ငန်းတစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများအနက်ကော့ကရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခို၁၈/၄ မိုင်အနက် ၁/၀မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ် ၆၅၀ဒသမ ၀၂၅သန်းဖြင့် သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကာ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီး သွားပါက ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့အတွင်း လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်း မွန်လာသည့် အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၃၀၁၆ အိမ်၊ အိမ်ထောင်စု၃၀၂၀၊ လူဦးရေ ၁၆၄၄၆ ဦး တို့အတွက် အကျိုးပြုပြီး ရာသီမရွေး သွားလာ နိုင်မည်ဖြစ််ကြောင်းသိရသည်။