လပွတ္တာ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် (၃) မိုင်မြို့ (၁) ရပ်ကွက် စိန်ပန်းပြာလမ်းရှိ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၃)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၂၀)၊ ဂဟေသင်တန်းအမှတ်စဉ်(၂၀)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၅) နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်က အမှာစကားပြောကြားခြင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက ပေးအပ်ခဲ့ကြောင်း သိရသည်။