နယ်စပ်ဒေသဖွံ့ဖြိုးရေး ပင်မစီမံကိန်း
ပင်မစီမံကိန်း
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပင်မစီမံကိန်းတစ်ရပ် ရေးဆွဲ၍ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်မှ ၁၉၉၅-၁၉၉၆ ဘဏ္ဍာရေးနှစ်အထိ ပထမနှစ်တို (၃) နှစ် စီမံကိန်း၊ ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်မှ ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်အထိ ပထမနှစ်လတ် (၅) နှစ် စီမံကိန်းနှစ် ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်အထိ ဒုတိယနှစ်လတ် (၅) နှစ် စီမံကိန်း၊ စုစုပေါင်း စီမံကိန်းကာလ (၁၃) နှစ် သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာမှ ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်စီမံကိန်း (၆) ခုခွဲကာ နှစ် (၃၀) စီမံကိန်း ရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြောင်းလဲလာသောခေတ်နှင့်အညီ နယ်စပ်ဒေသဘက်စုံဖွံ့ဖြိုးရေး နှစ်(၂၀) နှစ်ရှည်စီမံကိန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။