နန်းယွန်းမြို့နယ်၊ ရန်နောနုတ်ညို-ကိုင်းဆန်ဆာလင်-ကဲဆန်ကားလန်လမ်း လမ်းအူကြောင်းပြောင်းမြေသားလမ်း ဖောက်လုပ်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ရန်နောနုတ်ညို-ကိုင်းဆန်ဆာလင်-ကဲဆန်ကားလန် မြေလမ်း မိုင် ၂၀ ဖောက်လုပ်၍လမ်းပေါ်၌ အတက်အဆင်း မတ်စောက်သောနေရာများကို လမ်းအူကြောင်းပြောင်းလဲဖောက်လုပ်ခဲ့ပြီး ကျန်ရှိသော မြေသားလမ်း တစ်မိုင် အပြီးသတ်ဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်၌ Box Culvert လေးစင်း တည်ဆောက် ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၀၄ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်ပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

Post Paragraph