ခန္တီး၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်
ခန္တီး မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကို မေ ၄ ရက်က ကျင်းပသည်။
ဦးစွာ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်စိုးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြသည်။