ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်း တစ်ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာကန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ နှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

standard

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခေါ်ယူမည့် တင်ဒါ Lot များစာရင်း

တင်ဒါဖောင်ပိတ်မည့်ရက်စွဲ
တင်ဒါဖောင်ရောင်းချသည့်ရက်စွဲ

“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၃)

သံလွင်တံတားပေါ်မှ ဘားအံမြို့သို့ ပြန်ခဲ့ပေပြီ။
    မြစ်ရေများသည် ငြိမ်သက်စွာ ဆက်လက်စီးဆင်းနေဆဲဖြစ်သည်။ တောင်တန်းများကလည်း တိတ်တဆိတ် ရပ်တည်နေကြဆဲ ဖြစ်သည်။ နေဝင်ပေတော့မည်။ နေရောင်တို့ကြောင့် သံလွင်မြစ် ၏ ရေမျက်နှာပြင်ပေါ်တွင် ရွှေရောင်လှိုင်းကလေးများဖြစ်ပေါ် ပျံ့နှံ့နေသည်။ တောင်တန်းများ၏ အရိပ်များက မြစ်ရေထဲသို့ တိတ်တဆိတ်လျှောဆင်းနေကြ၏။ ညအချိန်၏ တိတ်ဆိတ်မှုကို ကြိုဆို နေသကဲ့သို့ ထင်မြင်ရသည်။ 

standard

“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၂)

သံလွင်မြစ်ကူးတံတား(ဘားအံ)
    သံလွင်တံတား(ဘားအံ)သို့လည်း ရောက်ရှိခဲ့ပါသေးသည်။ ဘားအံမြို့နှင့် သံလွင် မြစ်ကူး တံတားသည် အလွန်မဝေးလှပါ။ တံတားသို့ ဦးတည်ရာ လမ်းတစ်လျှောက် မြစ်သံလွင် ဘက်သို့ မျက်နှာမူနေသော ရွာလေးများကို တွေ့ရသည်။ တချို့နေရာများတွင် လယ်ကွင်းများ၏ စိမ်းစိမ်း စိုစိုအရောင်များက မျက်စိပသာဒ ဖြစ်စေသည်။

standard

“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၁)

    ဇွဲကပင်တောင်ထိပ်သို့ ရောက်ခဲ့ပြီ။ ဆံတော်ရှင်စေတီအား ဖူးမြော်ရပြီ။ ဖြာကျနေ သော မိုးတိမ်များကို ဖြတ်လျက် အာကာသပြင်ကျယ်ကြီးကို မျက်မှောက်ပြုရသည်။   တောင်ထိပ် ပေါ်မှ မြင်ရသည့် မြင်ကွင်းကား မိုးကောင်းကင်နှင့် မြေပြင်တို့၏ သဘာဝအလှတရား ပေါင်းစပ် ထားမှု ဖြစ်၏။ ဤလှပသော အမိမြေတို့ ထာဝရတည်တံ့စေရန် ထိန်းသိမ်းရမည်ဟူသော နိုင်ငံသား တာဝန်နှင့် ကိုယ်တိုင်နားလည်မှုတို့ တစ်ပြိုင်နက် ခံစားမိသည်။

standard