နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ မီးဘေးကာကွယ်ရေးအသိပညာပေး

     နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗဟိုလေ့ကျင့်ရေးကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း၌ ဆောင်ရွက်သည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံတောင်သူများရာသီအလိုက် သီးနှံများ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရေးတို့အတွက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ နှစ်စဉ်အစဉ်တစိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

standard

မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မီးဘေး အန္တရယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ‌ပေးဆွေးနွေး ဟောပြောခြင်းနှင့်သရုပ်ပြ လေ့ကျင့် ခြင်းများကို ယနေ့ညနေပိုင်းတွင် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ အဆိုပါရုံးဝင်းအတွင်း ဆောင်ရွက်သည်။

standard

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၌ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် လဟယ်- ဟွေထိုက်- ပုံညို နောက်အင်းကြား ၂၀ မိုင်အနက် မြေသားလမ်း ၃ မိုင် အပြီးသတ်‌ ဖောက်လုပ်ခြင်း လုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

standard

ပြည်ကြီးမဏ္ဍိုင်မြို့၌ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလားကျေးရွာ အုပ်စု၊ ပြည်ထောင်စုလမ်းမနှင့် ရေနောက်ချောင်း-ဟင်းလိုင်းကျေးရွာချင်းဆက် မြေသားလမ်း ပေါ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၁၂ ဒသမ ၇၉၆ သန်းဖြင့် ကျောက်ခင်းခြင်း လုပ်ငန်း ၁/၀ မိုင်အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ အဆိုပါလမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ မြေသားလမ်း ၄/၆ မိုင်၊ Box Culvert ၁၂ စင်း၊ ကွန်

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့်ဒေသများအတွင်း ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသော သောက်သုံး‌ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့်နေရာ ဒေသများ၌ ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စု ညောင်ပင်ဇောက်ကျေးရွာအနီး ရှေးဟောင်းတမုတ်ရှင်ပင် ရွှေဂူကြီးဘုရားအတွင်းရှိ တမုတ်ရွှေဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လေးလက်မစက်ရေတွင်း (တွင်းနက်) တစ်တွင်း တူးဖော်ခြင်း၊ ဆိုလာရေတင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ခု တည်ဆောက်

standard

ကရင်ပြည်နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်‌ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁၆၀ ဒသမ ၄၁၉ သန်းဖြင့် မြေလမ်းနှစ်မိုင် ခြောက်ဖာလုံ၊ ကျောက်လမ်း နှစ်မိုင်၊ ကွန်ကရစ်လမ်း ၁၀ မိုင်် တစ်ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ လမ်းတစ်မိုင် လေးဖာလုံ၊ Box Culvert ငါးစင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းနှစ်ခု၊ ရေစင်လုပ်ငန်းတစ်ခု၊ ရေကန်လုပ်ငန်းတစ်ခု၊ ကျောက်ကြီးစီလုပ်ငန်း တစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅- ၂၀၂၆ ဘဏ္ဍနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ‌ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ နောင်ယန်းအင်း ပတ်လမ်း ၃၄ မိုင်အနက် နှစ်မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

standard