နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ သြဂုတ် ၂၄
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တာ၀န်ရှိသူများ လိုက်ပါလျက် (၂၀-၈-၂၀၁၈)ရက်နေ့မှ (၂၃-၈-၂၀၁၈) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအတွင်း)ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
    ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် (၂၁-၈-၂၀၁၈)ရက်နေ့တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (ကသာ)၌ ကျင်းပပြုလုပ်သည့် အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆု(ပထမ)ရရှိသော သင်တန်းသူအား စက်ချုပ်စက် (၁)စုံအားပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့မှ  ဒုတိယ၊ တတိယရရှိသူများအား ထူးချွန်ဆုများပေးအပ်ခဲ့သည်။
    ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် (၂၂-၈-၂၀၁၈)ရက်နေ့တွင် ၀န်းသို-ဗန်မောက်လမ်း (၂/၀)မိုင် ကျောက်ချောလမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ရှိသူများအား  အရည်အသွေး ပြည့်မှီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ဒုတိယ၀န်ကြီးနှင့် အဖွဲ့သည် ဗန်းမောက်မြို့နယ်၊  နားမော်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/သူများအတွက် ကျောင်းစိမ်း/ဗလာစာအုပ် များပေးအပ်ခဲ့သည်။ ထိုမှတဆင့် ၀န်းသိုမြို့နယ် ထောက်ကြံတော-အလယ်ခုံ-လက်ပံခုံ မြေလမ်း(၃/၀)မိုင် ခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့သည်။
    ဒုတိယ၀န်ကြီးနှင့် အဖွဲ့သည် (၂၃-၈-၂၀၁၈) ရက်နေ့တွင်  ပင်လည်ဘူးမြို့နယ် အောင်ချမ်းသာ ရပ်ကွက်ရှိ မြေလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Post Paragraph