ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ဖဖရ(လွိုင်ကော်)ရုံး၊ ဒေသကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု့စစ်ဆေးခဲ့ကြပါသည်။
ထို့သို့ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းဖြင့် ဝန်ထမ်းများအတွက် သန့်ရှင်းကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင်ကို ဆောင်ရွက်ပေးနိုင်ခြင်း၊ ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်ရာတွင် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ပါသည်။