နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ် ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့် အခြေခံပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ဇွန်လ  ၇   ရက်
    ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ မူလတန်းမှ အထက်တန်းအဆင့်ကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ  ဝန်ထမ်း များ၏ သားသမီးများအား ပညာသင်စရိတ် ကျောင်းဝတ်စုံ နှင့် ဗလာစာအုပ်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါ သည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစာကားပြော ကြားရာတွင် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ မူလတန်းအဆင့်မှ အထက်တန်းအဆင့် ကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေး အပ်ခြင်းဖြင့် ၎င်းတို့ ပညာသင်ကြားရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ကောင်းဖြစ်စေရေးအတွက် နှစ်စဉ်အလေးထားကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏အနာဂတ် တောက်ပနိုင်စေရေး အတွက် အသိပညာများ၊ အတတ် ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြိုးစားသွား ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများ အပြင် သုတ၊ ရသ အစုံ စာပေ များကို ဖတ်ရှုလေ့လာပြီး ပညာနှင့် အတွေး အခေါ်ကောင်းများပေါင်းစပ်၍ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက် နိုင်မည့် ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစား အားထုတ်သွားကြရန်နှင့် မိဘ များအနေဖြင့်လည်း မိမိတို့ သားသမီးများကို ကောင်းမွန်တည့်မတ် မှန်ကန်သည့် စိတ်ဓာတ်များဖြင့် အကျင့်စာရိတ္တ ကောင်းမွန်မြင့်မားသော ပညာတတ်များ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင် ပေးစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ဇနီးတို့က ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ တက် ရောက် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁,၅၀၄ ဦး တို့အတွက် ပညာသင် စရိတ်ထောက်ပံ့ခြင်း ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

video-upload