နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပညာသင်ကြား တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ‌ထောက်ပံ့မှုများ ဆောင်ရွက်‌ပေးလျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့  နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် လိုအပ်သည့်ထောက်ပံ့မှုများအား အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့နယ်တို့အတွင်းရှိ နေရပ်ပြန်ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ကျောင်းဝတ်စုံ(ဖြူ/စိမ်း)အစုံ ၂၀၀၀ ကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
 

Post Paragraph