နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လုံစံ- ပြန်ဆာ- ဝမ်ကပ်(ဟိုခဲ) ကျေးရွာချင်းဆက်လမ်း ၆ မိုင် ၃ ဖာလုံ မြေသားလမ်းတာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၇ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
    အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လွိုင်လင်ခရိုင်အတွင်းရှိ ကျေးရွာငါးရွာမှ လူဦးရေ၁၂၇၆ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်‌ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၄၇၉၅ ဒသမ ၉၃၆ သန်းဖြင့် မြေသားလမ်း ၇ မိုင် ၅ ဖာလုံ၊ ကျောက်လမ်းပြုပြင် ထိန်းသိမ်းခြင်း ၂ မိုင်၊ ကျောက်ချောလမ်း ၅ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၃ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်လမ်း ၁ မိုင် ၃ ဒသမ ၁ ဖာလုံ၊ ကွန်ကရစ်တံတား နှစ်စင်း၊ Box Culvert ၁၈ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်း လုပ်ငန်းတစ်ခု၊ ကျောက်စီရေမြောင်းလုပ်ငန်း ၂ ဖာလုံ၊ မီးသွယ်တန်းခြင်းလုပ်ငန်းတစ်ခုနှင့် သာသနာရေးလုပ်ငန်း နှစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။